Thursday, March 25, 2010

မသိမဖြစ် အင်္ဂလိပ်သဒ္ဒါ

UNIT-1

am / is / are
ဖြစ်ခြင်းပြ၊ ရှိခြင်းပြ အခြေအနေ၊ အကြောင်းအရာများကို ရေးသားပြောဆိုလိုလျှင် am/is/are တို့ကို သက်ဆိုင်ရာနာမ်၊ နာမ်စားတို့နှင့် တွဲဖက်၍ ရေးသားပြောဆိုနိုင်သည်။

A.
My name is Aye Aye.
ကျွန်မနာမည် အေးအေး ဖြစ်ပါသည်။

I'm 22.
ကျွန်မအသက် ၂၂-နှစ် ရှိပါသည်။

I'm not married.
ကျွန်မ အိမ်ထောင် မကျသေးပါ။

My favourite colour is blue.
ကျွန်မ၏ အကြိုက်ဆုံးအရောင်မှာ အပြာရောင် ဖြစ်ပါသည်။

My favourite sports are football and swimming.
ကျွန်မအကြိုက်ဆုံး အားကစားများမှာ ဘောလုံးကစားခြင်းနှင့် ရေကူးခြင်း ဖြစ်ပါသည်။

I'm interested in art.
ကျွန်မ အနုပညာကို စိတ်ဝင်စားပါသည်။

My father is a journalist and my mother is a doctor.
ကျွန်မ၏ အဖေသည် သတင်းစာဆရာတဦး ဖြစ်ပြီး ကျွန်မ၏အမေမှာ ဆရာဝန် ဖြစ်ပါသည်။

I'm a student.
ကျွန်မသည် ကျောင်းသူတဦး ဖြစ်ပါသည်။

I'm Myanmar. I'm from Mandalay.
ကျွန်မ မြန်မာလူမျိုး ဖြစ်ပါသည်။ ကျွန်မ မန္တလေးမှ ဖြစ်ပါသည်။


B.
ရိုးရိုးဝါကျ (positive sentence) တွင် အောက်ပါကဲ့သို့ ရေးနိုင်သည်။
I am (0r) I'm
he is (0r) he's
she is (0r) she's
it is (0r) it's

အငြင်းဝါကျ (negative sentence) တွင် အောင်ပါကဲ့သို့ ရေးနိုင်သည်။
I am not (or) I'm not
he is not (or) he's not (or) he isn't
she is not (or) she's not (or) she isn't
it is not (or) it's not (or) it isn't

we are not (or) we're not (or) we aren't
you are not (or) you're not (or) you aren't
they are not (or) they're not (or) they aren't

we are (or) we're
you are (or) you're
they are (or) they're

I'm cold. Can you close the window, Please?
ကျွန်တော်ချမ်းနေပါတယ်။ ကျေးဇူးပြုပြီး ပြူတင်းပေါက် ပိတ်ပေးနိုင်မလား။

I'm 32 years old. My sister is 29.
ကျွန်တော် အသက် ၃၂-နှစ် ရှိပါပြီ။ ကျွန်တော့ညီမ အသက်က ၂၉-နှစ်ပါ။

My brother is very tall. He's a policeman.
ကျွန်ုပ်အကိုသည် အလွန်အရပ်ရှည်ပါသည်။
သူသည် ရဲသားတဦး ဖြစ်သည်။

Ko Ko is afraid of dogs.
ကိုကိုသည် ခွေးများကို ကြောက်သည်။

It's ten o'clock. You're late again.
၁၀-နာရီထိုးပြီ။ မင်းထပ်ပြီး နောက်ကျပြန်ပြီ။

Khin Khin and I are good friends.
ခင်ခင်နှင့် ကျွန်တော်သည် သူငယ်ချင်းကောင်းများ ဖြစ်သည်။

I'm tied but I'm not hungry.
ကျွန်တော် မောပန်းသော်လည်း မဆာပါ။

Tin Maung isn't interested in politics, He's interested in music.
တင်မောင်သည် နိုင်ငံရေးကို စိတ်မ၀င်စားပါ။ သူသည် တေးဂီတကို စိတ်ဝင်စားသည်။

Mya Mya isn't at home at the moment She's at work.
မြမြသည် ယခု အိမ်တွင် ရှိမနေပါ။ သူမသည် အလုပ်တွင်ရှိသည်။

Those people aren't English. They're Australian.
ထိုလူများသည် အင်္ဂလိပ်များ မဟုတ်ကြပါ။ သူတို့သည် သြစတြေးလျလူမျိုးများ ဖြစ်သည်။

It's sunny today but it isn't warm.
ဒီနေ့ နေသာပေမယ့်လည်း မပူနွေးပါ။


C.
that's = that is
there's = there is
here's = here is

Thank you. That's very kind of you.
ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ စိတ်သဘောထား အလွန်ကောင်းတဲ့သူပဲ။

Look' There's Win Win.
ကြည့်စမ်း၊ ဟောဟိုမှာ ၀င်းဝင်း။

Here's your Key" "Thank you"
ရော့၊ ဟောဒီမှာ ခင်ဗျားရဲ့ သော့။ ကျေးဇူးတင်ပါတယ်။

အုန်းဝမ် (ရန်ကုန်တက္ကသိုလ်)
(မင်္ဂလာမောင်မယ် ၂၀၀၇-နိုဝင်ဘာလ)

0 comments:

 
© Pannaparami Educational Foundation|Power by Ashin Mettacara | Admin-Email